-->




Invalid username and password


I'm new member
... ...

The Lutheran Hour Ministries (LHM) office in Myanmar, called “Word of Hope” actively engaged in “Bringing Christ to the nations and the nations to the Church” since 1999.

Vision:

      Sharing good news to Myanmar people using various forms of media in any situation.
      Introduce new converts to local churches who will see to their spiritual needs.
      To support the local churches with our resources in media and to provide evangelical training and workshop to their members.

Goal:

      Through the Word of Hope media ministry, Myanmar people will hear the good news.
      Maintaining good relationship with local churches working for the Kingdom of God.
      Word of Hope ministry to become resource center for the evangelism work.

By the grace of God, Word of Hope is sharing the message of Hope with millions of people every day through all of our different ministry outreaches. Thank you for faithful prayers and generous support.

We need your prayer. Thank You!

မျှော်လင့်ရာသမ္မာတရား (Word of Hope – LHM) မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

(၁) လေလှိုင်းသံအမှုတော်မြတ် Radio Ministry

Word Of Hope မှ သီချင်းများ နှင့် အစီအစဉ်များကို နားဆင်နိုင်ရန် Internet Radio စီစဉ်ထားရှိပါသည်။ Internet Radio Page တွင် မိမိကြိုက်နှစ်သက်ရာ အစီအစဉ်များကို ရွေးချယ် နားထောင်နိုင်ပြီ ဖြစ်ပါသည်။

လေလှိုင်းသံအမှုတော်မြတ်လုပ်ငန်းအားဖြင့် လူငယ်များသာမက လူကြီးများပါ ကယ်တင်ခြင်းသတင်းစကားကို ကြားသိရခြင်းအခွင့်၊ အထွေထွေဗဟုသုတတိုးပွားရခြင်းအခွင့် ဘ၀အသက်တာများအတွက် ဆင်ခြင်စရာ တည်ဆောက်စရာများကို ရရှိစေပါမည်။

“Hope for the Youth” radio program aims to offer hope for the young people in the country who are facing difficulties and temptations.

This program features a variety of presentations in order to attract the different levels of listeners. So far the listeners responses we had received indicates that the program is being accepted fairly well in all parts of the country.

(၂) သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ် Bible Correspondence Courses

(၁) အလင်းသို့ခရီးစဉ်၊ (၂) စစ်မှန်သောဘ၀အသက်တာ၊ (၃) သခင်ယေရှုအဘယ်သူနည်းနှင့် (၄) ကလေးသူငယ်သမ္မာကျမ်းစာ စာပေးစာယူသင်ခန်းစာများကို သမ္မာကျမ်းစာတော်မြတ်ကို သေသေချာချာမဖတ်ရှု မလေ့လာဖူးသူများ၊ မယုံကြည်သူများ၊ သခင်ယေရှုခရစ်တော်၏ ကယ်တင်ခြင်းဆုကျေးဇူးကို ပိုမိုသိရှိလိုသောသူများ၊ လေ့လာလို သူများ၊ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့မှာယူလျက် လေ့လာနိုင်ပါသည်။

(1) Journy to the Light (2) Real Life (3) Who is Jesus? (4) Children Bible Correspondence Courses. These courses are offered free to all who are interested in Christianity and learning the Bible. Many non-believers have taken these courses and some have come forward to accept Jesus as their Saviour.

(၃) ဓမ္မတေးသီချင်းခွေနှင့်ဗွီဒီယိုဇာတ်လမ်းတိုများ ထုတ်ဝေခြင်း Gospel Songs and Video Stories

လူတိုင်းတို့အား ၀မ်းမြောက်ဖွယ်ကယ်တင်ခြင်းသတင်းစကားကို ကြားသိနိုင်ဖို့ရန်၊ ဧ၀ံဂေလိလုပ်ငန်းများတွင် အထောက်အကူပြုစေဖို့ရန်အတွက် ဓမ္မတေးသီချင်းခွေများ၊ ခရစ်စမတ်၊ ရှင်ပြန်ထမြောက်ခြင်း (အီစတာ)နှင့် ဆိုင်သော သတင်းစကားများပါဝင်သည့် ဗွီဒီယိုဇာတ်လမ်းတိုများကို ထုတ်ဝေလျက်ရှိပါသည်။
This is a program aimed at attracting young people to the Gospel message through music we hope to get responses from listeners, communicate with them and guide them to Jesus.

ဓမ္မတေးသီချင်းခွေများ (Gospel Songs)

၁။ မြတ်နိုးမေတ္တာ
၂။ အဆုံးမဲ့အချစ်
၃။ ဆုံဆည်းခွင့်
၎။ အရှင့်ရဲ့လင်းယုန်
၅။ ဂုဏ်ပြုလျက်သီကျုး
၆။ နှလုံးသစ်ကို ပူဇော်ပါ
၇။ ရေပေါ်ကအရိပ်
၈။ ငြိမ်းချမ်းပါစေ
၉။ ကိုယ်တွေ့ (စံပီးတစ်ကိုယ်တော်)
၁၀။ ယေရှုငါ့ကိုချစ်ပေ၏ (ကလေးများအတွက်ဓမ္မတေး)

ကလေးများအတွက်ဗွီဒီယိုဇာတ်လမ်းတိုများ (Video Stories)

၁။ သိုးထိန်းကလေး Little Shepherd
၂။ ခရစ်စမတ်အတွက် ဖိနပ်နီနီ Red Boots for Christmas
၃။ အီစတာအလှ Easter Adventure
၎။ အံ့ဖွယ်ခရစ်စမတ် Christmas Mystery
၅။ စုံထောက်လေးများနှင့် အိမ်မွေးတိရိစ္ဆာန်ပျောက်ဆုံးမှုကြီး Pet Napping Mystery

(၄) သန့်ရှင်းသူများကိုပြင်ဆင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ Equipping the Saints ( ETS)

ယုံကြည်သူတိုင်းသည် ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းခြင်းအခွင့်ကိုရရှိသော သန့်ရှင်းသူများဖြစ်ကြပါသည်။ ထိုယုံကြည်သူတိုင်းတွင် ခရစ်တော်၏ကယ်တင်ခြင်းသတင်းစကားကို ဝေငှဖို့ရန် တာဝန်ရှိပါသည်။ ထို့ကြောင့် မျှော်လင့်ရာသမ္မာတရား (Word of Hope – LHM) မှ ခေါ်ဖိတ်သောအသင်းတော်များနှင့်အတူ လက်တွဲလျက် သန့်ရှင်းသူများကို ပြင်ဆင်ခြင်း ဧ၀ံဂေလိအလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိပါသည်။
The nature of this program is to equip the lay volunteers in the Church for involvement in the outreach program and to lay the groundwork for future growth in the ministry.

(၅) ပုံနှိပ်ထုတ်ဝေခြင်း Print Ministry

ခရစ်ယာန်အသက်တာကြီးထွားစေရန်ပြုစုပျိုးထောင်ခြင်းအတွက် စာပေသည် မရှိမဖြစ်လိုအပ်သောအရာတစ်ခု ဖြစ်သည်။ ဧ၀ံဂေလိလုပ်ငန်းများအတွက် လိုအပ်သောဝေစာများ၊ ယုံကြည်သူများ ၀ိညာဉ်အသက်တာတည် ဆောက်ရန် ခွန်အားပေးနိုင်သည့် စာအုပ်ငယ်များ၊ ရုပ်ပြစာအုပ်များ၊ ကလေးသူငယ်များအတွက် ဆေးရောင် ခြယ်စာအုပ်များစသည်တို့ကို WOH မှထုတ်ဝေလျက်ရှိပါသည်။
We have two categories in print media. The first is printed tracks for non-believers and it contains information on the Christian faith and selected extracts from the Gospels. The Second type is in a booklet form and meant for Christian readers, to help them absorb the teaching of Christ and achieve Spiritual growth and maturity.
စာအုပ်ငယ်များမှာ -
၁။ လက်ဝါးကပ်တိုင်
၂။ မကောင်းမှုများအဘယ်ကြောင့်ဖြစ်ပေါ်ရပါသနည်း
၃။ ကျန်းမာလန်းဖြာ စေဖို့ပါ
၎။ သင့်အတွက် ခွင့်လွှတ်ခြင်းလက်ဆောင်
၅။ စိတ်ကျခြင်းကိုရင်ဆိုင်ကြရာဝယ်
၆။ စိတ်ဖိစီးရခြင်းမှလွတ်မြောက် ရန်နည်းလမ်းများ (၁၂)ချက်
၇။ ပြန်လည်ဆန်းသစ် အိမ်ထောင်ရှင်တို့အချစ်
၈။ ပြောင်းလဲခြင်းကင်းသောယေရှုနှင့် ပြောင်းလဲနေသောကမ္ဘာကြီး
၉။ တွဲလက်ခိုင်မာတစ်သက်တာ
၁၀။ မိဘဖြစ်ရခြင်း၏ရည်ရွယ်ချက်
၁၁။ ပူပင်စရာမလို
၁၂။ အကောင်းဆုံးလား အဆိုးဆုံးလား)

(၆) ကလေးများနှင့် လူငယ်များအတွက် Children and Youth Ministry

Children and Youth programs are holistic outreach program. In this program not only Christian but also other religion can participate in puppet ministry and sports ministry. We can help community with these two programs. We can share God's love in action.

လက်ထိုးရုပ်ပြသခြင်း Puppet Ministry

ထိုအစီအစဉ်အားဖြင့် ဧ၀ံဂေလိကယ်တင်ခြင်းသတင်းစကားကို ထိရောက်စွာဝေငှလျက်ရှိပါသည်။ အသင်း တော်တွင်း၊ အဖွဲ့အစည်းတွင်း စည်းလုံးညီညွတ်မှု၊ စုပေါင်းလုပ်ဆောင်တတ်မှုကိုလည်း ဖြစ်ထွန်းစေနိုင်ပါ သည်။ မိမိကိုယ်တိုင်ခံစားပြီး အသံအားဖြင့်၊ မိမိ၏လက်ကိုလှုပ်ရှားခြင်းအားဖြင့် သရုပ်ဆောင်ရသောကြောင့် ဘုရားသခင်၏မေတ္တာ၊ ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်းတို့ကို ကိုယ်တိုင်တဖန်ပြန်လည်ခံစားရသည်။ ကုလားကာ ၏နောက်ကွယ်တွင် သရုပ်ဆောင်ရခြင်းဖြစ်သောကြောင့် လူအများရှေ့မထွက်ရဲသောသူများ၊ လူများရှေ့စကား မပြောရဲသောသူများပင်လျှင် ပါဝင်အစေခံနိုင်ပါသည်။
Puppet ministry is one of the successful ministries among the other ministry project. Through this ministry we share good news to the children who are not only believers but also from unbelievers' families. With the puppet show we can share not only gospel but also give the public health education, human trafficking and awareness of global warming. Through this program people can reach inside the church and get chance to fellowship with believers. Through this can share good news

လူငယ်အစီအစဉ်များ Youth Ministry

Young people have the capacity to learn and grow intellectually, emotionally and spiritually, and deserve the opportunity to do. They are searching for real answers to the questions and the challenges they face today.